PUBG MOBILE Myanmar Championship 2020 Season 2





ဆုတံဆိပ်
- 1အဆင့် ၁ အနိုင်ရသူ၁၅,၀၀၀,၀၀၀ ကျပ်
- 2အဆင့် ၂၁၀,၀၀၀,၀၀၀ ကျပ်
- 3အဆင့် ၃၆,၀၀၀,၀၀၀ ကျပ်
- 4အဆင့် ၄၃,၀၀၀,၀၀၀ ကျပ်
- 5-8အဆင့် ၅ မှ ၈၂,၀၀၀,၀၀၀ ကျပ်
- 9-16အဆင့် ၉ မှ ၁၆၁,၀၀၀,၀၀၀ ကျပ်
ချက်ဂ်အင် ဝင်ပြီး အသင်းထဲကို ချိတ်ဆက်ပါ။
ဆက်သွယ်မည့်လမ်းကြောင်း ( ဆိုရှယ်မီဒီယာမှတဆင့်)
သတင်းအချက်အလက်
အသေးစိတ်ဖော်ပြချက်
ပြိုင်ပွဲစည်းကမ်းများ
1. 1st Round (Bo2)
အချိန်ကာလ: 15th - 26th Aug 2020
ပြိုင်ပွဲဝင်အသင်း စုစုပေါင်း ၁,၂၀၀ သင်း၊ ပြိုင်ပွဲကို တစ်အုပ်စုလျှင် ၂၀ သင်းဖြင့် ၆၀ အုပ်စုခွဲမည်။
- တစ်ရက်လျှင် Live Streaming ၂ အုပ်စုကို ကျပန်းရွေးချယ်မည်။
- ပြိုင်ပွဲချိန် ၁၈:၀၀ - ၂၂:၀၀ နာရီ (GMT+6:30)
- ပြိုင်ပွဲစုစုပေါင်း BO2 Map : Erangel နှင့် Miramar, Mode : TPP
- ကျပန်းအုပ်စုခွဲခြင်း တစ်အုပ်စုလျှင် ၂၀ သင်း
- နောက်တဆင့်တက်ရန် အဆိုပါအဆင့်ပြိုင်ပွဲများမှ ရမှတ်များကို ရေတွက်မည်။
- စုစုပေါင်းရမှတ် အဆင့် ၁-၂ ရရှိသည့်အသင်းသည် နောက်တစ်ဆင့် တက်ရမည်
2. 2nd Round (Bo4)
အချိန်ကာလ: 27th - 30th Aug 2020
ပြိုင်ပွဲ ၄ ရက် တစ်ရက်လျှင် ၂ သင်း (Bo4)
ပြိုင်ပွဲဝင်အသင်း စုစုပေါင်း ၁၂၀ သင်း၊ ပြိုင်ပွဲကို တစ်အုပ်စုလျှင် ၁၅ သင်းဖြင့် ၈ အုပ်စုခွဲမည်။
- တစ်ရက်လျှင် Live Streaming ၁ အုပ်စုကို ကျပန်းရွေးချယ်မည်။
- ပြိုင်ပွဲချိန် ၁၈:၀၀ - ၂၂:၀၀ နာရီ (GMT+6:30)
- ပြိုင်ပွဲကို Bo4 Map : Erangel နှင့် Miramar တွင် TPP Mode ဖြင့် ယှဉ်ပြိုင်မှာဖြစ်ပါသည်။
- တစ်အုပ်စုလျှင် ၁၅ သင်းကို ကျပန်းရွေးချယ်မည်။
- နောက်တဆင့်တက်ရန် အဆိုပါအဆင့်ပြိုင်ပွဲများမှ ရမှတ်များကို ရေတွက်မည်။
- စုစုပေါင်းရမှတ် အဆင့် ၁-၂ ရရှိသည့်အသင်းသည် နောက်တစ်ဆင့် တက်ရမည်။
Grand Finals (10 Rounds)
အချိန်ကာလ: 5th - 6th Sep 2020
နောက်ဆုံးပွဲစဉ်သို့ဝင်ရောက်ပါဝင်မည့်အသင်းပေါင်း 16 သင်း
ပြိုင်ပွဲစုစုပေါင်း ၁၀ ပွဲ Map : Erangel, Miramar, Sanhok, Vikendi (TPP)
- Game 1 : Erangel
- Game 2 : Miramar
- Game 3 : Sanhok
- Game 4 : Vikendi
- Game 5 : Erangel
- Game 6 : Erangel
- Game 7 : Miramar
- Game 8 : Sanhok
- Game 9 : Vikendi
- Game 10 : Erangel
အမှတ်များကို အဆိုပါအဆင့်ပြိုင်ပွဲများမှ ရမှတ်များကို ရေတွက်မည်။
စုစုပေါင်းအမှတ်အများဆုံး ၄ သင်းအား PMCO SEA wildcard Final အဆင့် တက်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ကြားခြင်း ခံရမည်။
ဆုကြေးငွေ
အဆင့် ၁ - ၁၅,၀၀၀,၀၀၀ ကျပ် (ကျပ် ၁၅၀ သိန်း)
အဆင့် ၂ - ၁၀,၀၀၀,၀၀၀ ကျပ် (ကျပ် ၁၀၀ သိန်း)
အဆင့် ၃ - ၆,၀၀၀,၀၀၀ ကျပ် (ကျပ် ၆၀ သိန်း)
အဆင့် ၄ - ၃,၀၀၀,၀၀၀ ကျပ် (ကျပ် ၃၀ သိန်း)
အဆင့် ၅ မှ အဆင့် ၈ - ၂,၀၀၀,၀၀၀ ကျပ် (ကျပ် ၁၅ သိန်း)
အဆင့် ၉ မှ အဆင့် ၁၆ - ၁,၀၀၀,၀၀၀ ကျပ် (ကျပ် ၁၀ သိန်း)
(စုစုပေါင်းဆုကြေးငွေ - ၅၀,၀၀၀,၀၀၀ ကျပ် (ကျပ် ၅၀၀ သိန်း)
စည်းကမ်းသတ်မှတ်ချက်များ
၁.အသင်းတစ်သင်းလျှင် အဓိကအသင်းသား ၄ ယောက်ရှိပြီး “အရံကစားသမား” အဖြစ် ၁ ယောက် ကစားသမား ရွေးချယ်တိုးမြှင့် နိုင်ပါသည်။ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ အသင်းဝင်ဦးရေ မပြည့်သည့်အသင်းအား ပယ်ဖျက်ခွင့် ရှိသည်။ ယှဉ်ပြိုင်မည့်အသင်းအနေဖြင့် အများဆုံး သတ်မှတ်ထားသည့် ကစားသူအရေအတွက်အတိုင်း စာရင်းပေးသွင်းသင့်ပါသည်။
၂.စာရင်းပေးသွင်းပြီးအကြောင်းအမျိုးမျိုးကြောင့်မပြိုင်ဖြစ်ပါက အသင်းခေါင်းဆောင်သည် ပြိုင်ပွဲကျင်းပရေးအဖွဲ့သို့ ပြိုင်ပွဲမစတင်မီ အနည်းဆုံး ၁ ရက် ကြိုတင်၍ အကြောင်းကြားရမည်။ အကြောင်းမကြားပါက မြန်မာနိုင်ငံအတွက် Tencent ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ၁ နှစ် ပိတ်ပင်ခြင်း ခံရမည်။
၃. မိုဘိုင်းဖုန်း သာ အသုံးပြုရန် ခွင့်ပြုသည်။ မိုဘိုင်းဖုန်း မဟုတ်သည့် ပစ္စည်းကိရိယာဖြင့် ပြိုင်ပွဲယှဉ်ပြိုင်ကြောင်း စစ်ဆေးတွေ့ရှိရပါက အဆိုပါအသင်းသည် ပြိုင်ပွဲမှ ချက်ချင်း ထုတ်ပယ်ခြင်း ခံရမည်။
၄. အွန်လိုင်းအဆင့်ပြိုင်ပွဲတွင် TPP Mode ဖြင့်သာ ယှဉ်ပြိုင်မည်။ Final အဆင့်ပြိုင်ပွဲတွင် TPP နှင့် FPP Mode အသုံးပြုမည်။
၅. ဂိမ်းတွင် နာမည်ပေးခြင်း
၅.၁ အင်္ဂလိပ်စာလုံးများသာ အသုံးပြုရန် ခွင့်ပြုသည်။
၅.၂ Keyboard လက်ကွက်ပေါ်ရှိ သင်္ကေတများ အသုံးပြုနိုင်သည်။
၅.၃ အသင်းအမည်နှင့် ကစားသူအမည်များကို ရိုင်းစိုင်းသည့်စကားလုံးများ အသုံးပြုခြင်းကို ခွင့်မပြုပါ။
၆. Room သတ်မှတ်ရန်လျှို့ဝှက်ကုတ်နံပါတ်နှင့် password ကို Facebook အုပ်စုမှတဆင့် သက်ဆိုင်သူအသင်းခေါင်းဆောင်သို့ ပေးမည်။
၇. ယှဉ်ပြိုင်မှု မစတင်မီ နာရီဝက်ကြိုတင်၍ အသင်းများသည် ယှဉ်ပြိုင်သည့်အခန်းဝင်ရောက်ပြီး ကြေညာထားသည့်နံပါတ်စဉ်အလိုက် ရှိရမည်။
၈.ယှဉ်ပြိုင်သည့်အချိန်ရောက်ရှိပါက ယှဉ်ပြိုင်ရာအခန်းသို့ အသင်းသား ၄ ယောက်မပြည့်သည့်အသင်းများ အဆိုပါ အဆင့်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးမည်။ အဆိုပါအဆင့်ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ဆုံးရှုံးပြီး ယှဉ်ပြိုင်ရာအခန်းမှ ထုတ်ပယ်ခံရမည်။
၉. ပြိုင်ပွဲဝင်ရန် စာရင်းပေးထားသူများကိုသာ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုပါသည်။ စာရင်းပေးမထားသူ သို့မဟုတ် အဆိုပါအသင်းတွင် နာမည်မတူသူ ကစားသမားများ ပြိုင်ပွဲတလျှောက်လုံး ယှဉ်ပြိုင်ခွင့် မရှိပါ။ စစ်ဆေးတွေ့ရှိရပါက ပြိုင်ပွဲမှ ချက်ချင်း ထုတ်ပယ်ခြင်း ခံရပြီး အဆိုပါ အသင်းတွင် စာရင်းပေးမထားသူအား ယှဉ်ပြိုင်ရန် သဘောတူသည့် သို့မဟုတ် လျှို့ဝှက်ခေါ်လာသည့်အသင်း ဖြစ်ပါက ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ ပြိုင်ပွဲဝင်ယှဉ်ပြိုင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါက အဆိုပါအသင်းအား ချက်ချင်း ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခြင်း ခံရမည်။
၁၀. ပြိုင်ပွဲတွင် အခြားသော Application များ အသုံးပြုရန် ခွင့်မပြုပါ။ စစ်ဆေးတွေ့ရှိရပါက ပြိုင်ပွဲမှ ချက်ချင်း ထုတ်ပယ်ခြင်း ခံရမည်။
၁၁. ပြိုင်ပွဲကျင်းပရေးအဖွဲ့သည် နည်းပညာပြသနာများ (ဆော့ဝဲနှင့် အင်တာနက်) သာ တာဝန်ယူမည်။ နည်းပညာပြသနာ သို့မဟုတ် ပြိုင်ပွဲကျင်းပရေးအဖွဲ့ကြောင့် ဖြစ်ပွားရသည့်အကြောင်းရင်းရှိပါက ပြိုင်ပွဲကို ပယ်ဖျက်ပြီး အသစ်စတင်ယှဉ်ပြိုင်မည်။
၁၂. ယှဉ်ပြိုင်နေစဉ် ယှဉ်ပြိုင်သူအား Live Stream ခွင့်မပြုပါ။ စစ်ဆေးတွေ့ရှိရပါက တစ်သင်းလုံးကို ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခြင်း ခံရမည်။
၁၃. တစ်သင်းစီ၏ပြိုင်ပွဲဝင်များသည် ယှဉ်ပြိုင်နေစဉ် မိမိ၏အသင်းကို ဗွီဒီယိုမှတ်တမ်းတင်ရမည်။ အကြောင်းအမျိုးမျိုးကြောင့် ပြသနာတက်ခြင်း သို့မဟုတ် လိမ်လည်ခြင်း ဖြစ်ပွားပြီး အထောက်အထားလုံးဝမရှိပါက ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ လုံး၀ တာဝန်မယူပါ။
၁၄.ဗိုလ်လုပွဲအဆင့်ရောက်ရှိသည့် ယှဉ်ပြိုင်သူအားလုံးသည် ပြိုင်ပွဲယှဉ်ပြိုင်စဉ် ပြိုင်ပွဲကျင်းပရေးအဖွဲ့ထံမှ ရရှိသော ဂျာကင်အင်္ကျီ ဝတ်ဆင်ရမည်။
၁၅.ပြိုင်ဖက်အသင်း သို့မဟုတ် အားပေးသူများအား မဖွယ်မရာအပြုအမူလုပ်ဆောင်သော ပြိုင်ပွဲဝင်သူနှင့် ဆိုရှယ်မီဒီယာများတွင် ပြိုင်ပွဲနှင့် မသက်ဆိုင်ဘဲ ပြစ်တင်ဝေဖန်တိုက်ခိုက်သောပြိုင်ပွဲဝင်သူသည် တိုင်ကြားမှုခံရပါက သို့မဟုတ် စစ်ဆေးတွေ့ရှိရပါက အဆိုပါအသင်းအား Tencent Games မှ ကြီးမှူးကျင်းပသော PUBG MOBILE ပြိုင်ပွဲ ယှဉ်ပြိုင်မှု ပိတ်ပင်ခြင်း ခံရမည်။
၁၆.ပြိုင်ပွဲနှင့်ပတ်သက်၍ အငြင်းပွားမှု တစုံတရာရှိပါက ပြိုင်ပွဲကျင်းပရေးအဖွဲ့နှင့် Tencent အဖွဲ့တို့၏ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။
၁၇.လိမ်လည်ခြင်း နှင့်စည်းမျဉ်းချိုးဖောက်ပြီးကစားသောသူများ (နှစ်သင်းပေါင်းပြီး ကစားခြင်း၊ ဂိမ်း၏စနစ်အတွင်း ချိုးဖောက်ပြီး ယှဉ်ပြိုင်ခြင်း) အား စစ်ဆေးတွေ့ရှိပါက အဆိုပါ ကစားသမားများ ပါဝင်သည့်အသင်းများကို ပြိုင်ပွဲမှ ထုတ်ပယ်သွားပါမည်။ ထိုအသင်းများ ပါဝင်သော အုပ်စုအတွက် ယှဉ်ပြိုင်မှုပွဲစဉ်ကို ပြန်လည်စီစဉ်ပြီး ပွဲစဉ်အသစ်အနေဖြင့် ကစားခိုင်းပါမည်။ အုပ်ချုပ်ရေးအဖွဲ့မှ ဆုံးဖြတ်ချက်မချခင် စည်းကမ်းချိုးဖောက်သူဟု ထင်ရသောသူ၏ ဗီဒီယိုမှတ်တမ်းကို အမှန်တကယ်စည်းကမ်းချိုးဖောက်ခြင်း ရှိမရှိ သေချာစွာစီစစ်ပါလိမ့်မည်။ ထို့ကြောင့် ပါဝင်ယှဉ်ပြိုင်သူတိုင်း မိမိယှဉ်ပြိုင်နေချိန် ဗီဒီယိုမှတ်တမ်းရိုက်ကူးထားရန်နဲ့ ပွဲအပြီး ရလာဒ်များထွက်ချိန်တွင် ကစားသမားအားလုံး Screenshot ရယူရန် လိုအပ်ပါသည်။
၁၈.ကစားသမားတဦးကို အသင်းတသင်းပဲ ပြိုင်ခွင့်ပေးပါသည်။ ပြိုင်ပွဲမှ ပယ်ထုတ်ခံထားရသောအသင်းများတွင်ပါထားသောကစားသမားများသည် တခြားအသင်း သို့ပါဝင်ပီးပြိုင်ပွဲထပ်ဝင်ခြင်း ခွင့်မပြုပါ။
အကြံပေးချက်များ
ယခုအကြိမ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်သူဦးရေ အလွန်များပြားသောကြောင့် ပြိုင်ပွဲဝင်သူသည် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်သင့်သည်။
- ပြိုင်ပွဲခန်းသို့ သတ်မှတ်အချိန်ထက်နောက်ကျ၍ မလာရောက်ရ။ ပြိုင်ပွဲအဆင့်တိုင်းတွင် အချိန်မီရောက်ရန် စီစဉ်ရမည်။ အချိန်မှန်ရမည်။
- လိမ်လည်မှု သို့မဟုတ် နည်းပညာချို့ယွင်းမှုနှင့် အခြားချို့ယွင်းမှု ဖြစ်ပွားပါက အထောက်အထားအဖြစ် အသုံးပြုနိုင်ရန်အတွက် ယှဉ်ပြိုင်သည့်အသင်းမှ ယှဉ်ပြိုင်သူအနည်းဆုံး ၁ ဦးသည် ယှဉ်ပြိုင်မှုကို VDO မှတ်တမ်းတင်ရမည်။
- ယခုအကြိမ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်သူဦးရေ အလွန်များပြားသောကြောင့် ပြိုင်ပွဲဝင်သူသည် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်သင့်သည်။
- အသင်းတိုင်းသည် ပြိုင်ပွဲပြီးဆုံးပြီးနောက် အမြဲတမ်းဖော်ပြသည့် Rank (အဆင့်) ရလာဒ်နှင့် မိမိ၏ Kill များကို မှတ်တမ်းတင်ရမည်။
- Lobby တွင်ရှိနေစဉ်နှင့် ဂိမ်းစတင်ချိန်တွင် အခန်းအတွင်းသို့ ပြန်မဝင်ရောက်နိုင်ပါက ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ လုံး၀ တာဝန်မယူပါ။
- စည်းကမ်းများ သို့မဟုတ် အသေးစိတ်အချက်အလက်များကို ကြိုတင်အသိပေးအကြောင်းကြားခြင်းမရှိဘဲ ပြင်ဆင်ပြောင်းလဲခွင့်ရှိသည်။
အချိန်ဇယား (GMT+6:30)
ပြိုင်ပွဲစာရင်းပေးရက် 31 July - 11 August 2020 (အခမဲ့စာရင်းပေးခြင်း)
စာရင်းပေးသွင်းနိုင်သည့်နေရာhttps://earena.com/tournament/list
၁၊ စာရင်းစလက်ခံမည့်နေ့ 31 July 2020 06.00 P.M
၂၊ စာရင်းပိတ်မည့်နေ့ 11 August 2020 00.00 A.M
၃၊ ဇုန်အားလုံးမှ အသင်းစုစုပေါင်း ၁၂၀၀ သင်းသာ ကန့်သတ်လက်ခံသည်။ (ဦးရာလူစနစ်ဖြင့် လက်ခံသည်။)
၄၊ အသင်းအုပ်စုများကြေငြာမည့်နေ့ 13 August 2020 01.00 P.M
၅၊ အသင်းများအား တစ်အုပ်စုလျှင် ၆၀ သင်းခွဲခြားပြီး Offline ၁၆ သင်းရရှိသည်အထိ ယှဉ်ပြိုင်ရွေးချယ်မည်။
၆၊ ပြိုင်ပွဲအဆင့်တစ်ဆင့်စီတွင် အကြောင်းကြားသည့်အချိန်သည် ဂိမ်းစတင်ချိန် ဖြစ်သည်။ ထို့ကြောင့် အသင်းများသည် အနည်းဆုံး ၃၀ မိနစ် ကြိုတင်လာရောက်ရမည်။
1st Online Qualifier (Bo2)
1st Round အသင်း ၁၂၀၀ သင်းကို တစ်အုပ်စုလျှင် ၂၀ သင်းဖြင့် ၆၀ အုပ်စုခွဲ၍ ပြိုင်ပွဲ ၁၂ ရက် တစ်ရက်လျှင် ၅ အုပ်စု ယှဉ်ပြိုင်မည်။
*ပြိုင်ပွဲရက်တွင် Live Stream ရှိပြီး ပြိုင်ပွဲမစတင်မီ ကျပန်းရွေးချယ်၍ ပြိုင်ပွဲအချိန်ကို အကြောင်းကြားမည်။
အုပ်စု ၁-၅ တစ်အုပ်စုလျှင် ၂၀ သင်း Day : 1
ရက်စွဲ 15 August 2020
ပြိုင်ပွဲချိန် ၁၈:၀၀ - ၂၂:၀၀ နာရီ (GMT+6:30)
Group | Click For Check in (13 AUG 2020) |
---|---|
Group 1 | |
Group 2 | |
Group 3 | |
Group 4 | |
Group 5 |
အုပ်စု ၆-၁၀ တစ်အုပ်စုလျှင် ၂၀ သင်း Day : 2
ရက်စွဲ 16 August 2020
ပြိုင်ပွဲချိန် ၁၈:၀၀ - ၂၂:၀၀ နာရီ (GMT+6:30)
Group | Click For Check in (13 AUG 2020) |
---|---|
Group 6 | |
Group 7 | |
Group 8 | |
Group 9 | |
Group 10 |
အုပ်စု ၁၁-၁၅ တစ်အုပ်စုလျှင် ၂၀ သင်း Day : 3
ရက်စွဲ 17 August 2020
ပြိုင်ပွဲချိန် ၁၈:၀၀ - ၂၂:၀၀ နာရီ (GMT+6:30)
Group | Click For Check in (14 AUG 2020) |
---|---|
Group 11 | |
Group 12 | |
Group 13 | |
Group 14 | |
Group 15 |
အုပ်စု ၁၆-၂၀ တစ်အုပ်စုလျှင် ၂၀ သင်း Day : 4
ရက်စွဲ 18 August 2020
ပြိုင်ပွဲချိန် ၁၈:၀၀ - ၂၂:၀၀ နာရီ (GMT+6:30)
Group | Click For Check in (14 AUG 2020) |
---|---|
Group 16 | |
Group 17 | |
Group 18 | |
Group 19 | |
Group 20 |
အုပ်စု ၂၁-၂၅ တစ်အုပ်စုလျှင် ၂၀ သင်း Day : 5
ရက်စွဲ 19 August 2020
ပြိုင်ပွဲချိန် ၁၈:၀၀ - ၂၂:၀၀ နာရီ (GMT+6:30)
Group | Click For Check in (15 AUG 2020) |
---|---|
Group 21 | |
Group 22 | |
Group 23 | |
Group 24 | |
Group 25 |
အုပ်စု ၂၆-၃၀ တစ်အုပ်စုလျှင် ၂၀ သင်း Day : 6
ရက်စွဲ 20 August 2020
ပြိုင်ပွဲချိန် ၁၈:၀၀ - ၂၂:၀၀ နာရီ (GMT+6:30)
Group | Click For Check in (15 AUG 2020) |
---|---|
Group 26 | |
Group 27 | |
Group 28 | |
Group 29 | |
Group 30 |
အုပ်စု ၃၁-၃၅ တစ်အုပ်စုလျှင် ၂၀ သင်း Day : 7
ရက်စွဲ 21 August 2020
ပြိုင်ပွဲချိန် ၁၈:၀၀ - ၂၂:၀၀ နာရီ (GMT+6:30)
Group | Click For Check in (17 AUG 2020) |
---|---|
Group 31 | |
Group 32 | |
Group 33 | |
Group 34 | |
Group 35 |
အုပ်စု ၃၆-၄၀ တစ်အုပ်စုလျှင် ၂၀ သင်း Day : 8
ရက်စွဲ 22 August 2020
ပြိုင်ပွဲချိန် ၁၈:၀၀ - ၂၂:၀၀ နာရီ (GMT+6:30)
Group | Click For Check in (17 AUG 2020) |
---|---|
Group 36 | |
Group 37 | |
Group 38 | |
Group 39 | |
Group 40 |
အုပ်စု ၄၁-၄၅ တစ်အုပ်စုလျှင် ၂၀ သင်း Day : 9
ရက်စွဲ 23 August 2020
ပြိုင်ပွဲချိန် ၁၈:၀၀ - ၂၂:၀၀ နာရီ (GMT+6:30)
Group | Click For Check in (18 AUG 2020) |
---|---|
Group 41 | |
Group 42 | |
Group 43 | |
Group 44 | |
Group 45 |
အုပ်စု ၄၆-၅၀ တစ်အုပ်စုလျှင် ၂၀ သင်း Day : 10
ရက်စွဲ 24 August 2020
ပြိုင်ပွဲချိန် ၁၈:၀၀ - ၂၂:၀၀ နာရီ (GMT+6:30)
Group | Click For Check in (18 AUG 2020) |
---|---|
Group 46 | |
Group 47 | |
Group 48 | |
Group 49 | |
Group 50 |
အုပ်စု ၅၁-၅၅ တစ်အုပ်စုလျှင် ၂၀ သင်း Day : 11
ရက်စွဲ 25 August 2020
ပြိုင်ပွဲချိန် ၁၈:၀၀ - ၂၂:၀၀ နာရီ (GMT+6:30)
Group | Click For Check in (19 AUG 2020) |
---|---|
Group 51 | |
Group 52 | |
Group 53 | |
Group 54 | |
Group 55 |
အုပ်စု ၅၆-၆၀ တစ်အုပ်စုလျှင် ၂၀ သင်း Day : 12
ရက်စွဲ 26 August 2020
ပြိုင်ပွဲချိန် ၁၈:၀၀ - ၂၂:၀၀ နာရီ (GMT+6:30)
Group | Click For Check in (19 AUG 2020) |
---|---|
Group 56 | |
Group 57 | |
Group 58 | |
Group 59 | |
Group 60 |
2nd Online Qualifier (Bo4)
2nd Round အသင်း ၁၂၀ သင်းကို တစ်အုပ်စုလျှင် ၁၅ သင်းဖြင့် ၈ အုပ်စုခွဲ၍ ပြိုင်ပွဲ ၄ ရက် တစ်ရက်လျှင် ၂ အုပ်စု ယှဉ်ပြိုင်မည်။
*ပြိုင်ပွဲရက်တွင် Live Stream ရှိပြီး ပြိုင်ပွဲမစတင်မီ ကျပန်းရွေးချယ်၍ ပြိုင်ပွဲအချိန်ကို အကြောင်းကြားမည်။
📍 Match 1 - Erangel
အဆင်သင့်ပြင်ရန် : 17.30
ယှဉ်ပြိုင်မှုအချိန် : 18.00
-----------------------------------------------
📍 Match 2 - Miramar
အဆင့်သင့်ပြင်ရန် : 18.40
ယှဉ်ပြိုင်မှုအချိန် : 19.00
------------------------------------------------
📍 Match 3 - Erangel
အဆင်သင့်ပြင်ရန် : 19.40
ယှဉ်ပြိုင်မှုအချိန် : 20.00
----------------------------------------
📍 Match 4 - Miramar
အဆင့်သင့်ပြင်ရန် : 20.40
ယှဉ်ပြိုင်မှုအချိန် : 21.00
----------------------------------------
Time Zone : (GMT +6:30)
အုပ်စု A-B တစ်အုပ်စုလျှင် ၁၅ သင်း Day : 1
ရက်စွဲ 27 August 2020
ပြိုင်ပွဲချိန် ၁၈:၀၀ - ၂၂:၀၀ နာရီ (GMT+6:30)
Group | Click For Check in (26 AUG 2020) |
---|---|
Group A | |
Group B |
အုပ်စု C-D တစ်အုပ်စုလျှင် ၁၅ သင်း Day : 2
ရက်စွဲ 28 August 2020
ပြိုင်ပွဲချိန် ၁၈:၀၀ - ၂၂:၀၀ နာရီ (GMT+6:30)
Group | Click For Check in (26 AUG 2020) |
---|---|
Group C | |
Group D |
အုပ်စု E-F တစ်အုပ်စုလျှင် ၁၅ သင်း Day : 3
ရက်စွဲ 29 August 2020
ပြိုင်ပွဲချိန် ၁၈:၀၀ - ၂၂:၀၀ နာရီ (GMT+6:30)
Group | Click For Check in (26 AUG 2020) |
---|---|
Group E | |
Group F |
အုပ်စု G-H တစ်အုပ်စုလျှင် ၁၅ သင်း Day : 4
ရက်စွဲ 30 August 2020
ပြိုင်ပွဲချိန် ၁၈:၀၀ - ၂၂:၀၀ နာရီ (GMT+6:30)
Group | Click For Check in (26 AUG 2020) |
---|---|
Group G | |
Group H |
*ပြိုင်ပွဲရက်တွင် Live Stream ရှိပြီး ပြိုင်ပွဲမစတင်မီ ကျပန်းရွေးချယ်၍ ပြိုင်ပွဲအချိန်ကို အကြောင်းကြားမည်။
အမှတ်ပေးစည်းမျဉ်း
ပြိုင်ပွဲစုစုပေါင်းရမှတ်တွင် အောက်ပါတို့ ပါဝင်သည်။
1.Kill point : 1 Kill ရမှတ် 1 Point
2. Rank point
Rank 1 30 Points.
Rank 2 22 Points.
Rank 3 19 Points.
Rank 4 16 Points.
Rank 5 14 Points.
Rank 6 12 Points.
Rank 7 10 Points.
Rank 8 8 Points.
Rank 9 7 Points.
Rank 10 6 Points.
Rank 11 5 Points.
Rank 12 4 Points.
Rank 13 3 Points.
Rank 14 2 Points.
Rank 15 1 Points.
Rank 16 0 Points.
Rank 17 0 Points.
Rank 18 0 Points.
*စုစုပေါင်းရမှတ်သည် တူညီနေပါက တစ်သင်းစီ၏ Kill အရေအတွက်ကို နှိုင်းယှဉ်မည်။ Kill အရေအတွက်များသောအသင်းသည် ပြိုင်ပွဲအဆင့် ပိုကောင်းသည်။
**ရမှတ်နှင့် Kill အရေအတွက်များသည် တူညီနေပါက Rank (ဂိမ်းအဆင့်) မှ စဉ်းစားဆုံးဖြတ်မည်။